Wednesday, February 18, 2009

ဂန်ဘာရီ

ဂန်ဘာရီ၊ ဂန်ဘာရီ
တစ်ခေါက်လာပြန်ပြီ
သည်တစ်ချီ သတ္တမမြောက်
ရန်ကုန်မြို့သို့ရောက် ။

အခေါက်ခေါက်အခါခါ
သူရောက်လို့လာ
သည်ကိုလာ ဟိုပြန်သွား
ပိတုန်းကောင်အလား ။

မျက်နှာထားက ပြုံးချိုချို
နိုင်ငံရေးသမားကို
သူလိုချင်တာ အတင်းတောင်း
စိတ်ပျက်စရာကောင်း ။

သူ့အကြောင်းနှင့် သူရောက်လာ
သူ့ဆရာအတွက်လည်းပါ
ဟိုကခိုင်းတာ အကုန်လုပ်
သူတို့ လက်ကိုင်တုတ် ။

လက်ကိုင်တုတ်ကြီး ဂန်ဘာရီ
သူတွေ့လိုတာ ဒေါ်စုကြည်
အန်အယ်လ်ဒီတစ်ဖြစ်လဲ ၊ သူလဲတူတူဘဲ ။

No comments: