Monday, September 8, 2008

မစၥတာဂမ္ဘာရီအေပၚ ဒေါ်ဆောင်ဆန်းစုကြည် တွေ့ဆုံမှု မရှိသည့်ကိစ္စအား
ဒီမို NLD (စစ်ကိုင်းတိုင်း) ၏ သုံးသပ်ချက်

မစ္စတာ ဂမ်ဘာရီသည် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် ကြိုးစားသော်လည်း အတွေ့မခံဟု ကြားသိရ၏။ ဘာကြောင့် ဒေါ်စုက မစ္စတာဂမ်ဘာရီကို အတွေ့မခံသလဲ ? ၊ မစ္စတာ ဂမ်ဘာရီကကော ဘာကိစ္စနဲ့ မြန်မာပြည် လာတာလဲ? ၊ သူ့သဘောနဲ့သူ လာတာလား၊ ဘယ်သူတွေ လွှတ်လို့လာတာလဲ ? ၊ ဘာကိစ္စလဲ ? ဆိုတာတွေ စဉ်းစားစရာရှိပါသည်။ မစ္စတာ ဂမ်ဘာရီသည် မြန်မာပြည်ဒီမိုကရေစီရေးအတွက် လာရောက်သည်ဆိုပါက တမင်တကာ လာရောက်သူတွင် အမှားမရှိ၊ ဒီမိုကရေစီအရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးဟု အတွင်တွင် ပြောနေသူမှ အတွေ့မခံမှုသည် အမှားဆုံးဖြစ်သည်ဟု သုံးသပ်မိပါသည်။

တစ်ချိန်က ပါတီအတွင်းတွင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သော စကားရှိခဲ့၏ ဒီမိုကရေစီ နိုင်ငံအချင်းချင်း ဘယ်တော့မှ စစ်မဖြစ်၊ ဒီမိုကရေစီနိုင်ငံနဲ့ အာဏာရှင်နိုင်ငံ စစ်ဖြစ်တယ်၊ အာဏာရှင်နိုင်ငံအချင်းချင်း စစ်ဖြစ်တယ်။ ဒီမိုကရေစီ နိုင်ငံအချင်းချင်း စစ်မဖြစ်တာက တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ဟု ပြောခဲ့ဘူးတယ်၊ စစ်ဖြစ်တဲ့ နိုင်ငံများမှာတောင်မှ အပြီင်္းသတ်မှာ တွေ့ဆုံဆွေးနွေးရေးနဲ့ဘဲ အပြီးသတ်ခဲ့ကြတယ်၊ စစ်မီးငြိမ်းတယ်။

ကုလသမဂ္ဂ၏ အထူးကိုယ်စားလှယ်တစ်ယောက် မြန်မာ့အရေးအတွက် လာရောက်ဆွေးနွေးရာတွင် တစ်ကြိမ်နဲ့ မပြီး၊ နှစ်ကြိမ်ဖြစ်မည်၊ (၂)ကြိမ်နဲ့မပြီး (၃)ကြိမ်ဖြစ်မည်၊ (၃)ကြိမ်နဲ့မပြီး (၄)ကြိမ်ဖြစ်မည်၊ Dialogue ဆိုသည့် စကားပြောရင်း အဖြေရှာခြင်းသည် အကောင်းဆုံးလုပ်ရပ်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်မှ မတွေ့မှုသည် အင်မတန်မှ မှားသည်ဟု သုံးသပ်မိပါသည်။ ပထမအကြိမ်တုန်းကလည်း NLD မှားတာ ရှိခဲ့သည်။ အကြောင်းရင်းတွင် တပ်မတော်အစိုးရက အမျိုးသားညီလာခံကျင်းပပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါရမည့် အခြေခံမူများ ရေးဆွဲစဉ်တွင် NLD က ကန့်ကွက်ပြီး ညီလာခံမှ ထွက်ခွာခဲ့ကြသည်။ ယခုလည်း NLD အနေနဲ့ မိအေးနှစ်ခါနာ ဖြစ်ပြန်ပြီ။

ယခုအချိန်သည် တိုင်းပြည်အတွက်အရေးကြီးသော အချိန်ရောက်နေပြီ ဖြစ်ပါသည်။ ဘာပဲဖြစ်ဖြစ် တပ်မတော် အစိုးရမှ ဒို့တာဝန်အရေး(၃)ပါးနဲ့အညီ လမ်းပြမြေပုံ အချက်(၇)ရပ် ချမှတ်ကာ အကောင်အထည်ဖော်ပေးလျက် ရှိ၏။ သူ့အကြိုက် ကိုယ့်အကြိုက်ရှိခြင်း၊ ကိုယ်ကိုတိုင်က ကိုယ့်အကြိုက်ရှိနေမှတော့ ကိုယ့်အကြိုက်နဲ့မတူသော သူ့အကြိုက်အတွက် သူ့ကို မှားတယ်လို့ ပြောလို့မရပါ။ ကိုယ့်အကြိုက် တင်းမာလွန်းအားကြီးပါက ပုဂ္ဂိုလ်စွဲဖြစ်လာသလို ၀ါဒစွဲတွေ ဖြစ်လာတော့ ဆုံးရှုံးမှုတွေ များတတ်ပါသည်။ ခြုံ၍ကြည့်လျှင် တိုင်းပြည်အတွက် အကျိုးမရှိနိုင်ပါ။ သူ့အကြိုက် ကိုယ့်အကြိုက်တွေ ဖယ်ရှားပြီး "အမျိုးသားရေး" အတွက် တိုင်းပြည်ဂုဏ်မြှင့်တင်ဖို့ လိုပါပြီင်္။

ဗိုလ်ချုပ်အောင်ဆန်း ပြောသလို မြန်မာပြည်အနေအထားဟာ လမ်းနှစ်ခွရောက်နေပါပြီင်္၊ တစ်ခုက လောင်နေတဲ့ မီးကိုငြိမ်းမလား၊ ဒါမှမဟုတ် တစ်ခုက လောင်ချင်သလိုလောင်စေဆိုပြီး ပစ်ထားမလား ဆိုတာ ဒီကနေ့ အချိန်ကျနေပါပြီ။ ဒီကနေ့ "တွေ့ဆုံဆွေးနွေးရေး"၊ "အထွေထွေ သဟဇာတဖြစ်ရေး"ဆိုတဲ့ အသုံးအနှုန်းတွေနဲ့ ဂန္ဒီမူဝါဒကို တရားသေ ဆုပ်ကိုင်နေသော ဒေါ်စုကြည်နှင့်အတူ ဒေါ်စုကြည်ဦးဆောင်နေသည့် NLD ဗဟို ခေါင်းဆောင်များသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီကို အတွေ့မခံခြင်း၊ ထိုကဲ့သို့ အတွေ့မခံမှုအား NLDပါတီဝင်များမှ ထောက်ခံနေခြင်းသည် အပြောနဲ့အလုပ် မကိုက်ညီဘူးလို့ သုံးသပ်ပါရစေ၊ သဘောတရားနဲ့ လက်တွေ့ မကိုက်ညီဘူးဆိုရင် "သမ္ပန္န" ဆိုတဲ့ ပြည့်စုံခြင်း၊ အောင်မြင်ခြင်းဟာ ဖြစ်လာမှာ မဟုတ်ပါဘူး၊ တိုင်းပြည်အတွက် အကျိုးမရှိသလို တိုင်းပြည်အတွက် အများကြီး နစ်နာပါသည်။ မဟုတ်တာ မလုပ်ပါဘူးဆိုတဲ့ NLDမှ ခေါင်းဆောင်များကို ဟုတ်တာကိုကော လုပ်ကြရဲ့လားလို့ မေးလိုက်ချင်ပါသည်။ ခေါင်းဆောင်ကောင်းတို့မည်သည် ဘယ်တော့မှ ခေါင်းမရှောင်ပါ။ ခေါင်းရှောင်လျှင်လည်း ခေါင်းဆောင်ကောင်း မဟုတ်နိုင်ပါ။

"ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်" ဆောင်ပုဒ်အရ ပြည်သူများသည် နားမဝေးတော့ပါ။ ((၂၀၀၈)ခုနှစ် ဖွဲ့စည်ပုံ အခြေခံဥပဒေကိုပင် အင်အားပြလိုက်ပြီး ဖြစ်ပါသည်။

ဒီမို NLD
(စစ်ကိုင်းတိုင်း)

No comments: