Monday, September 8, 2008

ရွေးချယ်စံ တသီးပုဂ္ဂလပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်များအဖွဲ့
ကြေညာချက်

ကုလသမဂ္ဂမှ မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်ပေါ်စေရန် အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီကိုယ်တိုင် လာရောက်ညှိနှိုင်းရာတွင် အနောက်နိုင်ငံများမှ ထောက်ခံအားပေးနေသာ ဒေါ်အောင်ဆန်းစုကြည်မှ လက်ခံတွေ့ဆုံရန် ငြင်းပယ်ခဲ့သည်မှ စိတ်မကောင်းစရာ၊ စိတ်ပျက်စရာပင် ဖြစ်သည်။ "တွေ့ဆုံဆွေးနွေးရေး" ဟူသော မူများကို တစ်လျှောက်လုံးပြောခဲ့သူတစ်ယောက်အနေနှင့် တွေ့ဆုံရန်ပင် မလိုလားသည်မှာ အံ့သြစရာပင်ဖြစ်ပါသည်။ တွေ့ဆုံဆွေးနွေးရာတွင် မိမိသဘောထားအတိုင်း မဖြစ်သ၍ မတွေ့ဆုံနိုင်၊ မဆွေးနွေးနိုင်ဟူသော အဓိပ္ပါယ်ပေါ်လွင်နေပါသည်။ မြန်မာနိုင်ငံအတွင်း အမျိုးသားပြန်လည် သင့်မြတ်ပြီး စည်းလုံးညီညွတ်မှုရှိခြင်းကို အနောက်နိုင်ငံများက မလိုလားသည်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်မှတစ်ဆင့် ဖော်ပြသကဲ့သို့ ဖြစ်နေပါသည်။ လွန်ခဲ့သော (၁၈)နှစ်ကျော်ကာလက ကျင်းပခဲ့သော ရွေးကောက်ပွဲရလဒ်ကို ဆုပ်ကိုင်ပြီး မိမိသာလျှင် မြန်မာပြည်သူများ၏ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သည်ဟူသော အယူအဆကို စွန့်လွှတ်ရန် အချိန်တန်ပါပြီ။ ပြောင်းလဲလာသော အချိန်၊ အခြေအနေ၊ လူတို့၏သဘောထားဆန္ဒများကို လေးစားပြီး တည်ငြိမ်အေးချမ်းသောနည်းလမ်းဖြင့် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရန် အချိန်ဖြစ်သောကြောင့် ပြည်သူတို့၏ အကျိုးစီးပွားကို အလေးထားဆောင်ရွက်နိုင်ပါရန် ဒေါ်အောင်ဆန်းစုကြည်နှင့် အနောက်အုပ်စုနိုင်ငံများအား တိုက်တွန်းအပ်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးအတွက်

ရွေးချယ်ခံ တသီးပုဂ္ဂလပြည်သူ့လွှတ်တော်

ကိုယ်စားလှယ်များအဖွဲ့

No comments: