Thursday, April 9, 2009

သက်ကြားအို နိုင်ငံရေးသမားကြီးများသို့


"ကြီးမိုက်"

အဘ အဘ
အဘအသက် ပြန်တွက်ဦးနော်
ရှစ်ဆယ်ကျော်ပြီ ။

ရှစ်ဆယ်ကျော် ကိုးဆယ်
သည်အရွယ်ဆိုတာ
ဇရာဖိစီး
"ဂိန်းဘော" နီးပြီ အဘရဲ့ ။

ဆန်ဖြူခါးကိုင်း
နားထိုင်းသွားကြွေ
နေရမည့်ရက်
လက်ချိုးတွက်လျှင်
တစ်နံနက်တောင်မှ
စိတ်မချရဘူးနော် ။

အော်..... အဘ အဘ
အဘရေ နောင်ရေးစေ့စေ့တွေးလျှင်
ရင်လေးမိတယ် အဘရယ်။

ဘုရားမရှိ၊ တရားမသိ
ရှိသည့်အချိန်ကလေး
ဘ မတွေးဘဲ
သေရေးမမြင်၊ မပြင်ဆင်လျှင်
နောင်တွင် ဘ အတွက်
အသေခက်လိမ့် ။

နေ့ရှိသမျှ၊ ဒို့အဘမှာ
နိုင်ငံရေးလောဘ
နိုင်ငံရေးဒေါသ
နိုင်ငံရေး မောဟ
ဘ၀တစ်ခုလုံး၊ အမှောင်ဖုံးပြီး
လူလုံးမလှ၊ သေဆုံးရလျှင်
အဘအပါယ်လား ခြိမ့်မည် ....
အဘ အရွယ် မမှားသင့်ပြီ ။ ။

No comments: