Wednesday, May 27, 2009

" ဒေါ်စု " သို့မဟုတ် ဒုနဲ့ဒေးနဲ့ နံစော်သူ

နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့်တရာဥပဒေစိုးမိုးရေး ဆိုတာဟာ လက်ရှိ ပကတိ အခြေအနေတွေအရ အလိုအပ်ဆုံး နိုင်ငံရေးဦးတည်ချက်ဖြစ်ပါတယ်။ ဒီနိုင်ငံရေး ဦးတည်အချက် အတိုင်း အမှန်တကယ် ဖြစ်ပေါ်လာအောင် နိုင်ငံတော်ရဲ့ ဒေသတိုင်း၊ ကဏ္ဍတိုင်း၊ လူမျိုးတိုင်း၊ အလွှာတိုင်း ကလည်း ဦးလည်မသုန်အားသွန် ခွန်စိုက် နေ့မအား ညမနား ကြိုးစားဆောက်ရွက်နေကြတာ အားလုံး မျက်ဝါးထင်ထင် မြင်တွေ့နေခဲ့ကြရပြီး ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီနိုင်ငံရေး ဦးတည်းချက်ကို နားမလည်တဲ့ သူတွေ ဒါမှမဟုတ် တမင်သက်သက် ဘေးထိုင် ဘုပြောပြီး ကန့်လန့်ကန့်လန့်လုပ်နေတဲ့ သူတွေရှိနေတာလည်း နိုင်ငံတော်ရှေ့ခရီးအတွက် အနှောင့်အယှက် အတားအဆီးတွေဖြစ်လို့ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ဘို့လည်း လိုပါတယ်။

" ဒေါ်စု "လို့ခေါ်နေကြတဲ့ " ဒေါ်အောင်ဆန်းစုကြည် " ကို နိုင်ငံတော်ရဲ့လိုအပ်ချက်အရ တားဆီးမိန့်ထုတ်ပြီး နေအိမ်မှာ အကျယ်ချုပ်ထားခဲ့တာ လှည်းနေ လှေအောင်း၊ မြင်း ဇောင်း မကျန် အားလုံးအသိ တစ်ကမ္ဘာလုံး အသိဖြစ်ပါတယ်။

ဒေါ်စု (သို့မဟုတ်) ဒေါ်အောင်ဆန်းစုကြည်ကို တားဆီးမိန့် မထုတ်ခင်တုန်းက ကန့်သတ်မိန့် ထုတ်ထားခဲ့ပါသေးတယ်။ နောက်မှ ဆက်ပြီး တားဆီးမိန့်ထုတ်ခဲ့တာဖြစ်ပါတယ်။ တားဆီးမိန့်မှာ တားဆီးထားတဲ့ အချက် သုံးချက် ရှိပါတယ်။ ဒီအချက်တွေကို ဒေါ်စုက လိုက်နာဖို့ တာဝန်ရှိပါတယ်။ အဲဒိအချက် သုံးချက်က--
(၁) နိုင်ငံခြားသံရုံးများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးပါတီများနှင့် အဆက်အသွယ်ရှိသူများနှင့် မဆက်သွယ်ရ။
(၂) နေအိမ်ပြင်ပသို့ လုံးဝထွက်ခွာခြင်း မပြုရ။
(၃) စာဖြင့်သော်လည်းကောင်း၊ စကားကြေးနန်းဖြင့်သော်လည်းကောင်း လုံးဝ ဆက်သွယ်ခြင်း မပြုရ။
ဆိုတဲ့ အချက်တွေဖြစ်ပါတယ်။ ဒါတွေဟာ ပညတ်ချက်တွေ ဖြစ်ပါတယ်။ ပညတ်ထားတာ အဓိပ္ပါယ် ရှိပါတယ်။ ပညတ်ထားတဲ့ လူမသိဘဲနဲ့ '' ခိုး '' တွေ့ရင် '' ခိုး '' လုပ်ရင် အပြစ်ရှိပါတယ်။

ပြီးခဲ့တဲ့ မေလ (၆) ရက်နေ့က ကန့်သတ်မိန့်၊ တားဆီးမိန့်တွေနဲ့ နေနေရတဲ့ ဒေါ်စုရဲ့ နေအိမ်အတွင်းကို အမေရိကန်နိုင်ငံသာ John Willian Yettaw က တိတ်တဆိတ် လျှို့ဝှက်ပြီး ၀င်ရောက် နေထိုင်ခဲ့ပါတယ်။ ဒီလို ၀င်နေတာကို ဒေါ်စုဘက်က ရိုးသားမယ်ဆိုရင် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့တွေကို အသိပေး ရမှာဖြစ်ပါတယ်။

သတင်းစာမှာ တီဗွီမှာတွေ့ရတဲ့ သတင်းတွေ၊ ဓါတ်ပုံတွေရဲ့ အနေအထားအရ အိမ်ထဲက လှမ်းအော်ရင် အပြင်က တာဝန်ယူနေတဲ့ လုံခြုံရေးဝန်ထမ်းတွေ အားလုံး သဲသဲကွဲကွဲ ပီပီပြင်ပြင် ကြည်ကြည်
လင်လင် ကောင်းကောင်းကြားနိုင်တဲ့ အကွာအဝေးမှာ ရှိပါတယ်။ ဒါပေမဲ့ " ဒေါ်စု "က ဒီလို မလုပ်ခဲ့ပါဘူး။ တိတ်တဆိတ် လျှို့ဝှက်ဝင်ရောက်နေထိုင်သူကို တရားမ၀င် ခိုလှုံခွင့် ပေးထားခဲ့ပါတယ်။ ဒီအချက်ကလည်း ဒေါ်စုရဲ့ မာန်ကြီးမှုကို တစိတ်တပိုင်း ဖော်ပြ နေပါတယ်။

မာန်ကြီးတာက သူရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စပါ။ ဒါပေမဲ့ တားဆီးမိန့်ကို သိသိကြီးနဲ့ ချိုးဖောက်တာကိုတော့ လစ်လျူရှုလို့ ဒီ ၂၀၀၉ ခုနှစ် နှစ်ဦးပိုင်း လောက်က ဂျောက်ဂျက်တို့အဖွဲ့ရဲ့ သီချင်း တစ်မျိုး အတော်နာမည်ကြီးခဲ့ပါတယ်။ သီချင်းစာသားတွေကလည်း လူငယ်ပရိတ်သတ်တွေကြားမှာ စိမ့်ဝင် ပျံနှံ့သွားခဲ့ပါတယ်။ " ဘူလေးလဲ " တို့ " အမှန်လေးပါ " တို့ဆိုတဲ့ စာသားတွေကို ပြောင်းပြန် လှန်ပြီး ပြောဆိုသွားခဲ့တဲ့ စာသားတွေကိုလည်း သတိပြုမိကြမယ်ထင်ပါတယ်။

'' ဒေါ်စု '' နာမည်ကိုလည်း စကားလိမ် သဘောနဲ့ တစ်မျိုး ပြောကြည့်ရင် '' ဒုစော် '' လို့ပြောလို့ ရနိုင်ပါတယ်။ ဒါဆိုရင် ဒုစရိုက်တွေနဲ့ နံစော်နေသူလို့ အဓိပ္ပါယ်များ ရှိနေမလားလို့ တွေးမိပါတယ်။


No comments: