Showing posts with label DS. Show all posts
Showing posts with label DS. Show all posts

Thursday, May 21, 2009

ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးမည်


ဒေါ်စုကြည်နှင့် NLD ပါတီ၏ နိုင်ငံရေး လှုပ်ရှားမှုများသည် မြန်မာနိုင်ငံနှင့် နိုင်ငံသူ၊ နိုင်ငံသားများ အားလုံးအတွက် အကျိုး ဖြစ်ထွန်းမှု ဟူ၍ မည်သည့် အချိန်အခါကမျှ မရှိခဲ့ပေ။ ဆိုးကျိုးများနှင့် ဒုက္ခ ပင်လယ်တွင်း သက်ဆင်းရန်သာ အကြောင်းဖန်စေ ခဲ့သည်။ NLD ပါတီ ဟူ၍ စတင်ပေါ်ပေါက် လာခဲ့သည်မှ ယနေ့ အချိန်အထိ ပြည်သူများ အတွက် ဟူ၍ တစ်လုံး တစ်ပါဒမျှ ထည့်သွင်း စဉ်းစားခဲ့ခြင်း မရှိ။ သက်ညှာ ထောက်ထား ခဲ့ခြင်း မရှိ။ အမျိုးမျိုး အဖုံဖုံ စိတ်အနှောင့်အယှက် ဖြစ်စေရန်သာ လုပ်ဆောင် ခဲ့ကြသည်။

အေးချမ်းသာယာစွာ နေထိုင်လိုကြသော ပြည်သူများအတွက် ဒေါ်စုကြည်နှင့် NLD ပါတီသည် ဆူပူ၊ အကြမ်းဖက်မှုများကိုသာ ဖြစ်ပေါ် စေခဲ့သည်။ တရားဥပဒေ စိုးမိုးမှုနှင့် တည်ငြိမ်မှုကို မြတ်နိုးသော ပြည်သူများ အတွက် နိုင်ငံအတွင်း ပဋိပက္ခ များကိုသာ ဖြစ်ပွား စေခဲ့သည်။ နိုင်ငံတော် ရှေ့ဆက်သွားရမည့် မူဝါဒများနှင့် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များ အတွက် နှောင့်နှေးမှုများ ကိုသာ ဖြစ်စေခဲ့သည်။ ဒေါ်စုကြည်နှင့် NLD ပါတီသည် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး အပြည့်အ၀ ရရှိစေရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေး စသည်ဖြင့် အသံမျိုးစုံ ထွက်လျက် ပြည်ဖျက် ကြ၏။ ပါးစပ်ကသာ ပြည်သူ့အတွက်ဟု ဆိုသော်လည်း လက်တွေ့တွင် ဒေါ်စုကြည် ကောင်းစားသွား၏။

ဒေါ်စုကြည်သည် ပြောင်ပြောင်တင်းတင်းပင် ပြည်ပ သြဇာခံ၊ ပြည်ပ အလိုကျ အဖျက်လုပ်ရပ်တွေ လုပ်သောကြောင့် နိုင်ငံတကာမှ ချီးမြှင်၍ ရရှိခဲ့သော ဆုငွေ စုစုပေါင်းမှာ အနည်းဆုံး အမေရိကန် ဒေါ်လာ (၄,၅၇၇,၀၀၀) ရှိပြီ ဖြစ်သည်။ ထို့ထက် ပိုများကောင်း များနိုင်ပါသေးသည်။ ဒေါ်စုကြည်သည် ရသမျှ ဒေါ်လာငွေများကို အင်္ဂလန်တွင် စုဆောင်း ထားရှိသည်။ “ဘယ်သူသေသေ ငတေမာရင် ပြီးရော” ဟူသည့် လူတန်းစားမျိုး ဖြစ်သော ဒေါ်စုကြည်သည် သူမ၏ ညဉ်အတိုင်း ရှေ့ဆက် ပြီးလည်း သူမ ကောင်းကျိုးအတွက် နိုင်ငံတော်ကို အသုံးချ၊ ရောင်းစား နေဦးမည် ဖြစ်သည်။

ယခုလည်း ဒေါ်စုကြည်သည် “နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေပုဒ်မ (၂၂) ၏ စည်းမျဉ်း/ကမ်းများကို ချိုးဖောက်သည့် ပြစ်မှု ကျုးလွန်သောကြောင့် တရားဥပဒေ နှင့်အညီ နိုင်ငံတော် က စီရင် ဆောင်ရွက် နေသည်ကို NLD ပါတီဝင်များက အကြောင်း အမျိုးမျိုးပြ တားဆီးကြ၏။ “ကြမ်းပိုးလိပ်ဖြစ်၊ လိပ်ကြမ်းပိုး ဖြစ်အောင် ပြောဆိုကြသော” ဒေါ်စုကြည်၏ ရှေ့နေများက အမှုမှန်မှ သူမအား ဖုံးကွယ် ပေးနေ၏။

“ဘုမသိ၊ ဘမသိနှင့် သူများ ယောင်လို့ယောင်၊ အမောင် တောင်မှန်း မြောက်မှန်းမသိ” ဟူသော လူတန်းစား အရူးများက ဒီမိုကရေစီနှင့် ၎င်းတို့ ခေါင်းဆောင်အတွက် တိုက်ပွဲဝင်သည်ဟု ဆိုကာ အင်းစိန်ထောင်ရှေ့ ကိုးယိုးကိုးယားနှင့် အရူးထကြ၏။

အတိုင်အဖောက် ညီလွန်းလှသော ပြည်တွင်းရှိ အဆိုးမြင်ဝါဒီများ၊ ပြည်ပမှ မီဒီယာ သမားများ၊ အဖျက်သမားများနှင့် ပြည်ပြေး အုပ်စုများက မြန်မာနိုင်ငံ အပေါ် နိုင်ငံတကာမှ အပြစ်တင် စကားများ ပြောကြား လာအောင် ဆော်သြ ကြပြန်၏။

ဤအရေးကို အကြောင်းပြလျှက် မြန်မာနိုင်ငံကို အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ကြရန်၊ ရင်းနှီး မြုပ်နှံမှုများ မပြုကြ စေရန်၊ ကမ္ဘာလှည့် ခရီးသည်များ မလာရောက်ကြစေရန် တောင်းဆိုကြသည်။ ဒေါ်စုကြည်နှင့် NLD ပါတီ အဖွဲ့ဝင်များ၏ ဤနည်းဖြင့် မြန်မာပြည် ဖျက်ဆီးသည့် လုပ်ရိုးလုပ်စဉ် လမ်းစဉ်က ရိုးနေပြီ ဖြစ်သည်။

နိုင်ငံတကာ၏ စီးပွားရေး ပိတ်ဆို့မှုများကြောင့် မြန်မာ့ စီးပွားရေး ဆုတ်ယုတ် ပျက်သုဉ်း သွားသည်ဟူ၍ မည်သည့် အခါကမျှ မရှိခဲ့။ ၎င်းတို့က မည်မျှပင် စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ်သော်လည်း သယံဇာတ ပေါကြွယ်ဝသော မြန်မာနိုင်ငံအတွက် စိုးရိမ်စရာ မရှိခဲ့ သကဲ့သို့ ပူပင်စရာလည်း မလိုခဲ့ပေ။ ပြည်ပမှ ရင်းနှီးမြုပ်နှံမှုများ မလာရောက် ကြသော်လည်း ကိုယ့် ပြည်တွင်း၌ တွင်သာ စီးပွားရေး ဖြစ်ထွန်းအောင် စွမ်းဆောင် နိုင်ခဲ့သည်။ ကိုယ့်အား ကိုယ့်ကိုးကာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည် နိုင်အောင် ကြိုးပမ်းခဲ့သော မြန်မာနိုင်ငံအတွက် ယခုတစ်ဖန် တားဆီး ပိတ်ဆို့မှုများ ထပ်မံ ကြုံလာ ပြန်လျှင်လည်း အရေးထား စဉ်းစားမည် မဟုတ်ပေ။

လတ်တလော ဒေါ်စုကြည် အရေးကိစ္စနှင့် ပတ်သက်၍လည်း နိုင်ငံတကာမှ ပုဂ္ဂိုလ်များက မည်သို့ပင် ပြောဆို နေကြ စေကာမူ မည်သည့် နိုင်ငံ၊ မည်သည့် ပုဂ္ဂိုလ်၏ ၀င်ရောက် စွက်ဖက်မှု ကိုမျှ လက်ခံ စဉ်းစားမည် မဟုတ်ပေ။ မြန်မာနိုင်ငံသည် လွတ်လပ်၍ အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခု ဖြစ်သည်နှင့် အညီ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး နိုင်ခွင့်ရှိသည်။ မိမိနိုင်ငံ၏ ပြည်တွင်းရေးကို မိမိဘာသာ ဖြေရှင်း ဆောင်ရွက်မည်။ ထို့အတွက် ဒေါ်စုကြည်၏ အရေးကိစ္စနှင့် ပတ်သက်၍ မည်သူတစ်ဦး၊ တစ်ယောက်၏ ပြောကြား စေခိုင်းမှု ကိုမျှ အရေးယူ ဆောင်ရွက်မည် မဟုတ်။

ဥပဒေနှင့်မညီ၊ ဥပဒေကို ချိုးဖောက်သော လုပ်ရပ်များနှင့် တိုင်းပြည်နှင့်လူမျိုး ပျောက်ကွယ် ပျက်သုဉ်းအောင် လုပ်ဆောင် နေသည့် ဒေါ်စုကြည်နှင့် အပေါင်းအပါများ အားလုံးကို တရားဥပဒေနှင့် အညီ စီရင် ဆောင်ရွက်သွားမည် ဖြစ်သည်။ သို့မှသာ မြန်မာ့ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲမည်။ တိုင်းပြည်နှင့် လူမျိုး ကမ္ဘာတည်သရွေ့ အဓွန့်ရှည်မည် ဖြစ်ပါတော့သည်။

မင်းမြတ်

သိကြားမင်းလည်း မကယ်နိုင်ပါ



အခုတလောမှာ ဖြစ်ပျက်နေတဲ့ အန်အယ်လ်ဒီ မယ်တော်ကြီး ဒေါ်စုကြည် သတင်းကတော့ ကျော်မကောင်း ကြားမကောင်း ဖြစ်နေတာ လူတိုင်းသိကြမှာပါ။ တကယ်တမ်း ကြည့်ရရင် သူ့ကံနဲ့သူ၊ သူ့အပြစ်နဲ့သူ အကျိုးပေး သွားတာပါပဲ။ လူဆိုတာ ကတော့ ကိုယ်လုပ်ရင် ကိုယ်ခံရဲတဲ့ သတ္တိရှိရပါမယ်။ ကိုယ့်အဖြစ် ကိုယ်ရှက်ပြီး မလုံတာနဲ့ဘဲ တခြားသူတွေကို လွှဲချပြီး ၀ါးလုံး ရှည်ရှည်နဲ့ လျှောက်ရမ်းနေသူ တွေကတော့ စုံလုံးကန်း သူတွေပါပဲ။

အထူးသဖြင့် လူထဲမှာတောင်မှ ခေါင်းဆောင်ဖြစ်ရင် ပိုပြီးတော့ အသိဥာဏ် ရှိရဦးမှာပါ။ ဒါပေမယ့် ဒေါ်စုကြည် ကိစ္စကတော့ တကယ်ကို လက်ညှိုးထိုးစရာ ကိစ္စကြီးပါ။ အသက်ပဲ (၆၀) ကျော်နေပြီ။ ဒီလို လော်လီတဲ့ သတင်းတွေ ထွက်လာတာ အသက်ကြီးပြီး အချိန်မစီး တာကို ပြသသွား ခြင်းပဲ ဖြစ်ပါတယ်။

ဒီလောက် နိုင်ငံရေး အဖြစ်အပျက်တွေ ကြားမှာတောင် (သူမအတွက်တော့ Romantic ဆန်တဲ့ အချစ်ဇာတ်လမ်း လေးပေါ့) လူမှုရေး၊ စာရိတ္တ ပျက်ပြားမှုက ရုတ်တရတ် ဖြစ်ပေါ်လာ ပါသေးတယ်။ ရှက်တတ်ရင် လဲသေလိုက်လို့လဲ ပြောချင်ပါတော့ တယ်။ တကယ့်ကို (မကောင်းတဲ့နေရာမှာ) စံတင် လောက်စရာပါပဲ။ ဒါကို NLD ငရူးတွေက အဖြစ်မှန်တွေက ဒီလောက် ဗူးပေါ်သလို ပေါ်တာတောင်မှ မဟုတ်ပါဘူးလို့ ငြင်းချင် နေကြပါသေးတယ်။ သူတို့တွေ ဘယ်လောက်ပဲ ငြင်းငြင်း အကြောင်းမထူး တော့ပါဘူး။

ဒေါ်စုကြည်အနေနဲ့ကလည်း အမေရိကန် နိုင်ငံသား ၀င်ရောက်တဲ့ ကိစ္စကိုတော့ အသာတကြည် လက်ခံပြီးတော့ ယခင်က မစ္စတာဂမ်ဘာရီက ၄င်းရဲ့အိမ်ရှေ့မှာ ပေါ်ပေါ်ထင်ထင် ၀င်တွေ့ခွင့် တောင်းတာကိုတော့ အိုင်တင်ခံ နေခဲ့ပါတယ်။ ဒါကြောင့် ဒီကိစ္စဟာ ရိုးရိုးသားသား ပါလို့ ထင်မှတ်စရာ တစက်မှ မရှိပါဘူး။ နောက်ပြီး သူမဖန်တီးခဲ့တဲ့ ပိတ်လေးပိတ် ကိုလည်း နိုင်ငံတော်က ပြန်ဖွင့်ပေးခဲ့ဖို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ဒေါ်စုကြည်က ခေါင်းရှောင်ပြီး ပိတ်လေးပိတ်နဲ့ သူမနဲ့ လုံးဝမသက်ဆိုင ပါဘူးလို့ ပြောကြားခဲ့ပါတယ်။ အခုလည်း နိုင်ငံခြားသား ၀င်ရောက်တဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး အမေရိကန်က သူမကို ထပ်မံ စစ်ဆေးဖို့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှု သက်တမ်း ထပ်တိုး လိုက်ပါတယ်။ ဒါကိုကြည့်ပြီးတော့ သူမရဲ့ မရိုးသားတဲ့ အုံ့ပုန်း စိတ်ဓာတ် ကိုတွေ့ကြရမှာပါ။

မြန်မာနိုင်ငံ အနေနဲ့ကလည်း ဒီလောက် ရှက်စရာကောင်းတဲ့ လူမှုရေး ဖောက်ဖျက်မှုကို ပိုပြီးတော့ လက်မခံ နိုင်ပါဘူး။ တရား ဥပဒေအရ အပြစ်ရှိ သူတွေကို မှန်မှန်ကန်ကန် အရေးယူ သွားမှာဖြစ်ပါတယ်။ “ရာဇ၀တ်ဘေး ပြေးမလွတ်” ဆိုတဲ့ စကားပုံ အတိုင်း အပြစ်ရှိသူဟာ ဘယ်လောက်ပဲ သူရဲ့အပြစ်ကို ဖုံးဖိ ပေမယ့်လည်း အချည်းအနှီးပါပဲ။ ဘယ်နည်းလမ်း နဲ့မဆို အမှု လွတ်အောင်လည်း ရှောင်ကြဉ်လိုဲ့ မရပါဘူး။ အဆုံးစွန်ဆုံးထိ ပြောရရင် တရားခံကို မိုးပေါ်က နတ်တွေ၊ ဗြဟ္မာတွေ၊ သိကြားတွေ ဆင်းပြီး မကယ်နိုင်ပါဘူး။ သနားလွန်းလို့ ဆင်းကယ်မိ ရင်တောင်မှ လက်လျှော့ပြီး ပြန်သွားရမယ် ထင်ပါတယ်။

အတိုက်အခံပါတီ ခေါင်းဆောင်ကြီး ဒေါ်စုကြည်ကလည်း ယောင်္ကျားကိစ္စနဲ့ ပတ်သတ်ပြီး တော်တော့ကို မှိုင်းမိနေရှာပုံ ရပါတယ်။ ခေါင်းဆောင် ကိုယ်တိုင်က ရှေ့ဆောင်လမ်းပြ လုပ်ပြီး မိုက်ရူးရဲဆန် ထင်တိုင်းကြဲပြ နေရင် နောက်လိုက် တွေကလဲ “ဒီပုပ်ထဲက ဒီပဲတွေပဲ ဖြစ်တော့မှာပေါ့။ “ရှေ့နွား တစ်သိုက် ဖြောင့်ဖြောင့် သွားမှ ၊ နောက်နွား တစ်သိုက်ကလည်း ဖြောင့်ဖြောင့်လိုက်” မှာဖြစ်ပါ တယ်။

အခု ကိစ္စကတော့ သူမကို အကျယ်ချုပ် ချုပ်ထားတဲ့ ရှေ့အမှုတောင် မပြီးသေး။ လူမှုရေး လော်လီတဲ့ နောက်ထပ်အမှုက ထပ်ပေါ်လာ တာကတော့ အမှန်တကယ် လွန်လွန်းပါတယ်။ “အသက်တစ်ရာ မနေရ သော်လည်း အမှုတစ်ရာ ရင်ဆိုင်ရ” ဆိုတဲ့စကားပုံနဲ့ ဒေါ်စုကြည်နဲ့ ကတော့ တော်တော့ကို လိုက်ဖက်လွန်း လှပါပေတယ်။ တကယ်လို့ ဒီအမှုမပြီးခင်ကို နောက်ထပ်အမှု ထပ်လာရင်တော့ အထက်က စကားပုံလိုဘဲ စံချိန်ချိုး နိုင်တဲ့အတွက် ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့အစည်းကနေ နိုဘယ်ဆု အသစ်တစ်ခု ချီးမြှင့်ဖို့အတွက် သတ်မှတ် ပေးကြပါဦးလို့ အကြံပေးချင်ပါတယ်။

ယခုလို ခေါင်းဆောင်က ဖောက်ပြီးတော့ စုံလုံးကန်း နေမှတော့ ၄င်းဦးဆောင်တဲ့ NLD ရဲ့ အဖြစ်ကတော့ အမှောင်ထဲမှာ စမ်းတ၀ါးဝါးနဲ့ လျှောက်နေရမှာပါပဲ။ သူတို့ အနေနဲ့ကတော့ ဒီကိစ္စတွေက သူ့အလိုလို ဖြစ်ပေါ်လာကြောင်း၊ သူတို့ရဲ့ စံထားလောက်တဲ့ ခေါင်းဆောင် ဒေါ်စုကြည် ဘက်ကနေ ဖုံးကွယ်ပေးပြီး မဟုတ်မမှန် စကားတွေကို အရူးချီးပန်း ပြောနေရုံမှအပ တခြားနည်းလမ်း ရှိတော့မည် မထင်ပါ။ ဒါကြောင့် နောက်ထပ် နိုင်ငံရေး ပြဿနာတွေ ဖြစ်လာရင်လည်း ဒီလိုဘဲ သူတို့အပြစ် ကိုဖုံးပြီး ဖင်မနိုင် ခေါင်းမနိုင်နဲ့ အရူးချီးပန်း ဆက်ပြောနေ ဦးမှာလားလို့ မေးလိုက်ချင် ပါတော့တယ်။

ဖူးသစ်ခက်