Monday, September 8, 2008

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏
အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီနှင့်အဖွဲ့ မြန်မာနိုင်ငံခရီးစဉ်အား ထောက်ခံကြောင်း ထုတ်ပြန်ချက်

ရက်စွဲ၊ ၂၀၀၈ ခုနှစ်၊ သြဂုတ်လ (၂၇)ရက်

(၁)မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် ၂၀၀၈ ခုနှစ်၊ သြဂုတ်လ (၁၈)ရက်မှ (၂၃)ရက် အတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူး အကြံပေးပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီနှင့် အဖွဲ့သည် မြန်မာနိုင်ငံဝန်ကြီးချုပ်နှင့် ၀န်ကြီးအဖွဲ့ဝင် အချို့၊ သက်ဆိုင်ရာအဖွဲ့အစည်းမှ ပုဂ္ဂိုလ်အချို့နှင့် လည်းကောင်း၊ အစိုးရနှင့် သဘောထား ကွဲလွဲလျက်ရှိသော ပါတီအဖွဲ့အစည်း အပါအ၀င် နိုင်ငံရေးပါတီ အဖွဲ့အစည်းများမှ တာဝန်ရှိသူ များနှင့်လည်းကောင်း၊ အစိုးရမဟုတ်သော စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့်လည်းကောင်း၊ ဥပဒေဘောင်အတွင်းသို့ ၀င်ရောက်လာသော အဖွဲ့အစည်း များနှင့် လက်နက်ကိုင်ငြိမ်းချမ်းရေး အဖွဲ့အစည်းများနှင့် လည်းကောင်း၊ ကျယ်ပြန့်စွာ တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

(၂)ကုလသမဂ္ဂကြီးသည် မည်သည့်နိုင်ငံ၊ မည်သည့်အုပ်စု၊ မည်သည့်အစုအဖွဲ့ကိုမှ ကိုယ်စားပြုခြင်းမဟုတ်၊ နိုင်ငံတကာပြည်သူတို့အကျိုးကိုရှေးရှုဆောင်ရွက်သောကမ္ဘာ့မဏ္ဍိုင်ကြီး ဖြစ်သဖြင့် မြန်မာနိုင်ငံ၏ အခြေအနေမှန်ကို သိရှိရန် အထူးပင်လိုအပ်ပါသည်။ သို့မှသာ မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို မှန်ကန်စွာ ကူညီဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါသည်။

(၃)ယနေ့ မြန်မာနိုင်ငံအစိုးရအပေါ် အနောက်မီဒီယာများက တစ်ဖက်စောင်းနင်း ထိုးနှက် ထုတ်လွှင့်နေချိန်နှင့် မြန်မာနိုင်ငံတည်ဆဲတပ်မတော်အစိုးရအပေါ် မြန်မာပြည်သူလူထု တစ်ရပ်လုံး ဆန့်ကျင်နေသယောင် အနောက်နိုင်ငံကြီးအချို့ ဖန်တီးပြောဆိုနေချိန်တွင် တည်ဆဲတပ်မတော်အစိုးရ၏ ဒီမိုကရေစီလမ်းပြမြေပုံ(၇)ဆင့်နှင့်အညီ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူတို့ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းဖြင့် တခဲနက်ထောက်ခံ အတည်ပြု လိုက်သဖြင့် ပို၍ပင် မြန်မာပြည်သူတို့ သဘောထားမှန်ကို သိရှိရန် လိုအပ်ပါသည်။

(၄)ထို့ကြောင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဂမ်ဘာရီနှင့် အဖွဲ့သည် အမှန်တရားကို ရှာဖွေရန် အဘိဓမ္မာခန်းတွင် မရှာဖွေရ၊ ပကတိဘ၀ တွင် ရှာဖွေရမည်ဆိုသော လူမှုသိပ္ပံတရားနှင့်အညီ ယခုကဲ့သို့ မြန်မာနိုင်ငံတွင် နိုင်ငံတော် အစိုးရ အနေဖြင့် အရေးပါသည့် အဖွဲ့အစည်းပေါင်းစုံနှင့် ကျယ်ပြန့်စွာ တွေ့ဆုံ ဆွေးနွေးခြင်းဖြစ်ပါသည်။

(၅)ဒီမိုကရေစီနိုင်ငံတော်သစ်ကို အကောင်အထည်ဖော်လျက်ရှိသော မြန်မာအစိုးရ၏ အဆင့်(၇)ဆင့်ပါ လမ်းပြမြေပုံအတိုင်း မြန်မာ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ နိုင်ငံတကာမှ သမာသမတ်နိုင်ငံများနှင့် ကုလသမဂ္ဂကြီးတို့ကပါ ယခုကဲ့သို့ ပြည်သူတို့ တခဲနက် ထောက်ခံအတည်ပြုခဲ့သော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ၂၀၁၀ ခုနှစ်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ဖြစ်မြောက် အောင်မြင်ရေး (မူဝါဒလမ်းစဉ် ၇ ရပ် အောင်မြင်ရေး) ကို လိုလားလျက်ရှိပါသည်။

(၆) သို့သော်လည်း အစိုးရနှင့် ကွဲလွဲဆန့်ကျင်နေသော ပြည်တွင်းပြည်ပ အဖွဲ့အစည်းအချို့နှင့် အင်အားစုအချို့က မစ္စတာဂမ်ဘာရီအား ပြည်တွင်းမှ အဖွဲ့အစည်းပေါင်းစုံနှင့် တွေ့ဆုံဆွေးနွေးခြင်းအပေါ် တစ်ဖက်သတ် ပုတ်ခတ် ဆန့်ကျင်နေခြင်းမှာ အလွန်ကျဉ်းမြောင်းသေးသိမ်သော ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂနစွဲအမြင်သာ ဖြစ်ပါသည်။ အကယ်၍ မစ္စတာဂမ်ဘာရီမှ အဖွဲ့အစည်းငယ်အချို့ကိုပါ တွေ့ဆုံဆွေးနွေးသည့်တိုင်အောင် အများစုနှင့် အနည်းစုတို့ အပြန်အလှန် လေးစားလိုက်နာရမည်။ ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ ကြိုဆိုရမည်သာ ဖြစ်ပါသည်။ ယနေ့ မြန်မာနိုင်ငံတွင် ပြည်သူတို့ တခဲနက်ထောက်ခံအတည်ပြုလိုက်သော နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ထောက်ခံသူအများစုရော ကန့်ကွက်သူအနည်းစုပါ ဥပဒေအရာတွင် တန်းတူညီမျှ ခံစားခွင့်ရှိကြပါသည်။

(၇) ပြည်တွင်း ပြည်ပအစိုးရနှင့် ကွဲလွဲဆန့်ကျင်သော အဖွဲ့အစည်းအင်အားစု အချို့က ကုလသမဂ္ဂ ကိုယ်စားလှယ်များအား အစိုးရကို အဆိုးမြင်ဆန့်ကျင်နေသော အဖွဲ့အစည်းအင်အားစုများနှင့်သာ တွေ့ဆုံစေလိုခြင်းငှာ ၄င်းတို့၏ အစွန်းရောက် တစ်ဖက်သတ်ဝါဒဖြန့်မှုများကို ကာကွယ်ရန် ကြိုးပမ်းခြင်းသာ ဖြစ်ပါသည်။ မစ္စတာဂမ်ဘာရီသည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် ဖြစ်ရုံသာမက ၀ါရင့်အဆင့်မြင့် ကုလသမဂ္ဂကိုယ်စားလှယ်ကြီးတစ်ဦး ဖြစ်သဖြင့် ယခုကဲ့သို့ မြန်မာနိုင်ငံအတွင်းမျာ အစိုးရအပါအ၀င် အစိုးရနှင့် သဘောထားကွဲလွဲနေသော ပါတီအဖွဲ့အစည်းများပါမကျန် အဖွဲ့အစည်းပေါင်းစုံနှင့် တွေ့ဆုံဆွေးနွေးခြင်းသည် လွတ်လပ်ပွင့်လင်းလာသော မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီ ရုပ်ပုံလွှာကို ပေါ်လွင်လာစေရုံသာမက မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီနှင့်အဖွဲ့ မြန်မာနိုင်ငံ ခရီးစဉ်အား ထောက်ခံကြောင်း ထုတ်ပြန်အပ်ပါသည်။



ဗဟိုဦးစီးအဖွဲ့

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏
အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဂမ်ဘာရီ ဦးဆောင်သော အဖွဲ့အပေါ်
ဒေါ်အောင်ဆန်းစုကြည်မှ တွေ့ဆုံရန် ငြင်းပယ်ခဲ့မှုအပေါ် သဘောထားအမြင်
ရက်စွဲ၊ ၂၀၀၈ ခုနှစ်၊ သြဂုတ်လ(၂၅)ရက်


(၁) ယနေ့ ကမ္ဘာကြီးသည် (Globalization) ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကို ရောက်လာ သဖြင့် ပြိုကွဲရေးခေတ် မဟုတ်တော့ပေ။ ပေါင်းစည်းရေးခေတ်သို့ အပြုသဘော တိုးတက်လျက် ရှိပေသည်။

(၂) မြန်မာနိုင်ငံတွင်လည်း အကြပ်အတည်းပေါင်းမှ ကင်းဝေးစေပြီး ကမ္ဘာ့အလယ်မှာ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံအဖြစ် ထည်ဝါစွာ ရပ်တည်နိုင်ဖို့ဆိုရင် အမျိုးသား အင်အားစုချင်း တင်းမာရေး၊ မစေ့စပ်ရေးတွေကို ရှောင်ရှားပြီး (အနုသုခုမကျင့်စဉ်ဖြစ်သော) အမျိုးသားသင့်မြတ်စည်းလုံးရေးကိုသာ တစ်ခုတည်းသော ထွက်ရာလမ်းအဖြစ် ရွေးချယ် ကျင့်သုံး သွားရန် ဖြစ်ပါသည်။

(၃) ထို့ကြောင့် မြန်မာနိုင်ငံအကျိုးကို ပူးပေါင်းဆောင်ရွက်ရန် သြဂုတ်လ(၁၈)ရက်က ရောက်လာခဲ့သော ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ်မစ္စတာ ဂမ်ဘာရီနှင့် အဖွဲ့အား ဒေါ်အောင်ဆန်းစုကြည်မှ တွေ့ဆုံရန် ငြင်းပယ်မှုအပေါ် အောက်ပါ သဘောထားအမြင်များကို ထုတ်ပြန်အပ်ပါသည်။

(က) ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီ သည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် အကြိမ်ကြိမ် မေတ္တာ ရပ်ခံခဲ့ပါသော်လည်း NLD ပါတီ၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်မှ တွေ့ဆုံရန် ငြင်းပယ်ခြင်းမှာ သံတမန်ဆက်ဆံရေးအရဖြစ်စေ၊ လူ့ယဉ်ကျေးမှု ကျင့်ဝတ်အရ ဖြစ်စေ ရိုင်းပျစွာ တုံ့ပြန်ရာ ရောက်ပါသည်။

(ခ) ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ကုလသမဂ္ဂနဲ့ရော မြန်မာအစိုးရနှင့်ပါ အမျိုးသား သင့်မြတ်စည်းလုံးရေးနှင့် ဒီမိုကရေစီရေးအတွက် တွေ့ဆုံဆွေးနွေးရန် အလွန်ရခဲလှသော အခွင့်အရေး တစ်ရပ် ဆုံးရှုံးသွားခဲ့ပါသည်။

(ဂ) ဒေါ်အောင်ဆန်းစုကြည်အနေနှင့် မိမိတစ်ဦးအတွက် အကျိုးရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ၊ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူတို့ အကျိုးအတွက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီနှင့် အဖွဲ့အား တွေ့ဆုံဆွေးနွေး သင့်သည်။

(ဃ) အကယ်၍ မိမိအယူအဆမှန်နေသည့်တိုင် တစ်ဖက်သားအား လက်မခံနိုင်သေးရင်လည်း စိတ်ရှည်သည်းခံ ဖျောင်းဖျအချိန်စောင့်၊ ကိုယ်ပိုင်အတွေ့အကြုံရစေသော ဒီမိုကရေစီထုံးတမ်း စဉ်လာများနှင့် အညီသာ ကြိုးပမ်းသင့်ပါသည်။

(င) ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ငါနှင့်မတူ ငါ့ရန်သူဟူသော သဘောထားဖြင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီနှင့် အဖွဲ့ အား တွေ့ဆုံရန် ငြင်းပယ်မည်ဆိုပါလျှင် အလွန်ခေတ်နောက်ကျသော တစ်ကိုယ်ကောင်းဝါဒီ အဖြစ်မျိုး ကျရောက်သွားနိုင်ပါသည်။

ဗဟိုဦးစီးအဖွဲ့

ခေတ်သစ်သိပ္ပံနိုင်ငံရေးဘောဂဗေဒလေ့လာရေးကျောင်းတော်သားစု

အခန်း(၁၀၁)၊ တိုက်(၁၈၀)၊ ဘုရားလမ်း။ (၅)ရပ်ကွက်၊

ဟံသာရိပ်မွန်အိမ်ရာ၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

ဒေါ်အောင်ဆန်းစုကြည်မှ တွေ့ဆုံဆွေးနွေးရန် ငြင်းပယ်မှုအပေါ်
အထူးတလည် ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်

ရက်စွဲ၊ ၂၀၀၈ခုနှစ် ၊ စက်တင်ဘာလ (၄)ရက်


(၁) ကျွန်ုပ်တို့သည် တပ်မတော်အစိုးရ၏ ဒီမိုကရေစီ ထူထောင်ကူးပြောင်းရေး ကာလတလျှောက်တွင် အမျိုးသားသင့်မြတ်စည်းလုံးရေး၊ ငြိမ်းချမ်းစွာ ဒီမိုကရေစီ နိုင်ငံတော်သစ် ဖြစ်ပေါ်လာရေးအတွက် အစဉ်တစိုက် ကြိုးပမ်းထမ်းဆောင်လာခဲ့သော အမျိုးသား နိုင်င့ရေးအင်အားစု ဖြစ်ပါသည်။


(၂) မြန်မာနိုင်ငံ လွတ်လပ်ရေးရလာချိန်တွင် လက်ဝဲလက်ျာ အစွန်းရောက် အဖွဲ့အစည်းများ၊ အင်အားစုများကြောင့် တိုင်းရင်းသားအချင်းချင်း သွေးချောင်းစီးခဲ့ရသကဲ့သို့ တိုင်းရင်းသားပြည်သူတို့ အကြပ်အတည်းပေါင်းစုံလည်း ကြုံလာခဲ့ရပါသည်။


(၃) ယနေ့ မြန်မာနိုင်ငံ အခြေအနေသည် အစိုးရအဆက်ဆက်ကို ဆန့်ကျင်လာခဲ့သော လူမျိုးစု တောတွင်းလက်နက်ကိုင်အဖွဲ့(၁၇)ဖွဲ့နှင့် အဖွဲ့ငယ်များ ဥပဒေဘောင်အတွင်းသို့ ၀င်ရောက်လက်တွဲ လာခဲ့သောကြောင့် ယခင်ခေတ်များနှင့်မတူအောင် တည်ငြိမ်အေးချမ်းလာပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်တွင် ကြုံခဲ့ရသော စီးပွားရေးအကြပ်အတည်းကလည်း လွန်မြောက်ခဲ့ပြီး ဖြစ်ပါသည်။
ဈေးကွက်စီးပွားရေးနှင့် ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်လာနိုင်၍ ဖြစ်ပါသည်။


(၄) သို့သော်လည်း အစွန်းရောက် လက်ျာအင်အားစုအချို့၏ ထိပ်တိုက်ရင်ဆိုင်ဆန့်ကျင်ရေး၊ မစေ့စပ်ရေး လမ်းစဉ်ကြောင့် ပြည်ပနိုင်ငံကြီးအချို့၏ ၀င်ရောက်စွက်ဖက်မှု၊ စီးပွားရေး ပိတ်ဆို့လာမှုအချို့ကို ၀မ်းနည်းဖွယ်ရာ ကြုံလာခဲ့ရပြန်ပါသည်။


(၅) ထိုသို့ အတားအဆီးအချို့ကို ကြုံလာရသော်လည်း ၂၀၀၈ခုနှစ်၊ မေလအတွင်း ကျင်းပခဲ့သော ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲကြီးတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို ဆန္ဒမဲပေးသူ ဦးရေ၏ ၉၂ ဒဿမ ၄၈ ရာခိုင်နှုန်းတို့ တခဲနက် ထောက်ခံအတည်ပြုလိုက်ခြင်းသည် နိုင်ငံတော်အစိုးရ၏ ဒီမိုကရေစီ နိုင်ငံတော်သစ်ကို အကောင်အထည်ဖော်လျက်ရှိသော မူဝါဒလမ်းစဉ်(၇)ရပ်၏ ထူးခြားစွာ အောင်မြင်တိုးတက်လာသော ရလာဒ်ပင်ဖြစ်ပါသည်။


(၆) ယခုကဲ့သို့ မြန်မာပြည်သူလူထု တခဲနက်အတည်ပြုထောက်ခံခဲ့သော နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ပေါ်ပေါက်လာချိန်တွင် အမျိုးသားသင့်မြတ်စည်းလုံးရေးနှင့် ဒီမိုကရေစီနိုင်ငံ ထူထောင်ရာမှာ ကူညီနိုင်ရန် မြန်မာနိုင်ငံသို့ လွန်ခဲ့သော သြဂုတ်လ (၁၈)ရက်က ရောက်ရှိလာသော ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီမှ တွေ့ဆုံဆွေးနွေးရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က မောက်မာစွာ ငြင်းပယ်ခဲ့ပါသည်။


(၇) ၄င်းအပြင် နိုင်ငံတော်အစိုးရသည် ကုလသမဂ္ဂ၏ အကြံပြုချက်အရ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်လက် ဆွေးနွေးနိုင်ရေးအတွက် အစိုးရဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ စက်တင်ဘာလ(၂)ရက် မွန်းလွဲ(၁)နာရီတွင် စိမ်းလဲ့ကန်သာဧည့်ရိပ်သာ၌ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်းတို့မိသားစု၏ ကျန်းမာရေးစစ်ဆေးရန် ဒေါက်တာတင်မျိုးဝင်းအား စက်တင်ဘာလ(၁)ရက် မွန်းလွဲ(၁)နာရီတွင် လာရောက်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးကြည်ဝင်းအား စက်တင်ဘာလ(၁)ရက်နေ့ မှာကြားခဲ့မှုအပေါ် ရှေ့နေ ဦးကြည်ဝင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီး ပြန်ထွက်လာသောအခါ ဒေါ်အောင်ဆန်းစုကြည်က ဦးအောင်ကြည်နှင့် တွေ့ဆုံရေးနှင့် ပတ်သက်၍ ရှေ့နေ ဦးကြည်ဝင်းမှလွဲ၍ မည်သူ့ကိုမျှ မတွေ့လိုသေးကြောင်း၊ ဒေါက်တာတင်မျိုးဝင်းကိုလည်း ယနေ့မတွေ့နိုင်သေးကြောင်း၊ ပြန်လည်သတင်းပို့သည်ဟု သတင်းစာများတွင် ဖတ်ရပါသည်။


(၈) ယနေ့ နိုင်ငံတကာတွင် အနောက်နိုင်ငံကြီးအချို့မှ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အရာရောက်မည်ဟု ယူဆသူအချို့ကို တပည့်မွေး၍ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်လေ့ရှိပါသည်။ မြန်မာနိုင်ငံတွင်လည်း ပြည်သူတစ်ရပ်လုံး (မြန်မာပြည်သူတစ်ရပ်လုံး ရွေးချယ်သောဖွဲစည်းပုံ) ထက် ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းက ပို၍ အရေးပါသကဲ့သို့ ဖန်တီးလျက်ရှိပါသည်။ ထို့ကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာအမျိုးသားအကျိုးစီးပွားကို ဆန့်ကျင်၍ အနောက်နိုင်ငံကြီးအချို့၏ အလိုကျသာ ဆောင်ရွက်လာခဲ့ပါသည်။ တည်ဆဲအစိုးရ၏ စိတ်ရှည်သည်းခံအချိန်စောင့် ကိုယ်ပိုင်အတွေ့အကြုံ ရစေသည့်နည်းဖြင့် အမျိုးသားသင့်မြတ်စည်းလုံးရေး ကြိုးပမ်းမှုများကိုလည်း အစဉ်တစိုက် ဆန့်ကျင်လာခဲ့ပေသည်။


(၉) နိုင်ငံရေးဘောဂဗေဒတရားက လူထုရှေ့ဆောင်ပါတီအဖွဲ့အစည်းများ၊ ခေါင်းဆောင်များ လူထုနှင့် ကင်းကွာကျဆုံးစေသော အစွန်းရောက်မှု(၃)ရပ်ကို ယခုကဲ့သို့ဖော်ပြထားပါသည် -
(က) အချုပ်အချယ်မရှိသော လွတ်လပ်မှုပေါ်တွင် မူမဲ့ပုဂ္ဂိုလ်ရေးသြဇာ တည်ဆောက်မှု (ပုဂ္ဂိုလ်ကိုးကွယ်ခြင်း)
(ခ) မိမိတို့ လမ်းစဉ်မှားနေသည်ကို မပြင်ဆင်ဘဲ ဆက်လက်ကျင့်သုံးခြင်း
(ဂ) မိမိတို့လမ်းစဉ် မှန်နေသည့်တိုင်အောင် ပြည်သူလူထု လက်မခံနိုင်သေးသည်ကို အတင်းအဓမ္မ ချခင်းကျင့်သုံးနေခြင်း


(၁၀) ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်အား ဖော်ပြပါ အစွန်းရောက်မှု (၃)ရပ်မှ လွတ်မြောက်၍ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အမျိုးသားသင့်မြတ်စည်းလုံးရေး၊ ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးလမ်းမှန်ပေါ်သို့ ရောက်ရှိစေလိုပါသဖြင့် တွေ့ဆုံဆွေးနွေးရေးကို လိုလားပါသည်ဆိုသော ဒေါ်အောင်ဆန်းစုကြည်မှ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီနှင့်တွေ့ဆုံရန် မောက်မာစွာ ငြင်းပယ်ခြင်း ၊ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံရန် ငြင်းပယ်ခြင်းများအပေါ် အထူးတလည် ကန့်ကွက်ကြောင်း ထုတ်ပြန်အပ်ပါသည်။


ဗဟိုဦးစီးအဖွဲ့
ခေတ်သစ်သိပ္ပံနိုင်ငံရေးဘောဂဗေဒလေ့လာရေးကျောင်းတော်သားစု(မြန်မာနိုင်ငံ)

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏
အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဂမ်ဘာရီအား
ဒေါ်အောင်ဆန်းစုကြည်မှ လက်ခံမတွေ့ဆုံခြင်းအပေါ်
ဝံသာနု (NLD) သုံးသပ်တင်ပြခြင်း

မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံကို လာရောက်ခြင်းသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် အဖြစ် မြန်မာနိုင်ငံအစိုးရနှင့် အတိုက်အခံနိုင်ငံရေး အင်အားစုများ အကြား တွေ့ဆုံဆွေးနွေးအကောင်အထည် ဖော်ရန် လာရောက်ခြင်းဖြစ်ပေသည်။ မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် နိုင်ငံတော်အစိုးရ၏ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံခြားသံတမန်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ အခြားအဖွဲ့အစည်းများ အားလုံး တွေ့ဆုံ၍ အနာဂတ်မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်မှုဖြစ်သော ၂၀၁၀ ပြည့်နှစ် ပါတီစုံ ရွေးကောက်ပွဲအား ကုလသမဂ္ဂမှ လက်ခံကြောင်း၊ အကူအညီများကိုလည်း ပေးသွားမည်ဖြစ်ကြောင်းကို မစ္စတာဂမ်ဘာရီမှ ကျွန်ုပ်တို့ ၀ံသာနုအဖွဲ့ ကိုယ်စားလှယ်များအား ပြန်လှယ်ပြောကြားခဲ့ရာ ကျွန်ုပ်တို့ ၀ံသာနု (NLD) အဖွဲ့မှ ၀မ်းသာအားရ ဖြစ်မိပါသည်။


သို့သော် ကြာကြာဝမ်းမသာလိုက်ရပါ။ ဘာကြောင့်လဲဆိုတော့ ယနေ့မြန်မာနိုင်ငံတွင် အတိုက်အခံ နိုင်ငံရေးပါတီဟု မိမိကိုယ်မိမိ အထင်ကြီးနေသော NLD ပါတီခေါင်းဆောင်ဆိုသူ ဒေါ်အောင်ဆန်းစုကြည် သည် တွေ့ဆုံဆွေးနွေးရန် မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ကမ္ဘာ့ပြည်သူတစ်ရပ်လုံးက လေးစားသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်အား လက်ခံမတွေ့ဆုံခြင်းသည် ဒီမိုကရေစီ ဆာလောင်မွတ်သိပ်နေသော ပြည်သူလူထု၏ ဆန္ဒအား လုံးလုံးလျားလျား ဆန့်ကျင်သည့် လုပ်ရပ် ဖြစ်ကြောင်းကို ၄င်းကိုယ်တိုင်မှ သိပါလေစ။

၎င်းကိစ္စအား သုံးသပ်ကြည့်မည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည် သူငါတကော ကောနေသည်မှာ သိသာ ထင်ရှားပါသည်။ အနောက်နိုင်ငံများ သြဇာအာဏာပေးမှု၊ လမ်းညွှန်မှု၊ ကြိုးကိုင်မှု၊ ဖိအားပေးမှုကြောင့် မတွေ့ဆုံတာ ဖြစ်ကြောင်း ထင်ရှားနေပါသည်။


မစ္စတာဂမ်ဘာရီအား ဒေါ်အောင်ဆန်းစုကြည်မှ လက်ခံမတွေ့ဆုံခြင်းအစ ကျွန်တော်တို့ ၀ံသာနုအဖွဲ့မှ ကန့်ကွက်ပါကြောင်း မှားယွင်းသည့် လုပ်ရပ်အပေါ် မြန်မာပြည်သူတွေ နားလည်သလို ကမ္ဘာ့ပြည်သူများ၊ အထူးသဖြင့် တိုင်းဖျက်၊ ပြည်ဖျက်လုပ်နေကြသည့် BBC, VOA, RFA မှ ပုဂ္ဂိုပ်များ နားလည်စေချင်ပါသည်။

တိုင်းပြည်၏ အနာဂတ်ကိစ္စအားလုံးသည် ဒေါ်စုကြည်ကို ဗဟိုပြုပြီး စဉ်းစားနေမည့်အစား တိုင်းပြည်တိုးတက် သာယာဝပြောစေရန် အမျိုးသားပြန်လည် စည်းလုံးညီညွတ်ပြီး ဒီမိုကရေစီဖော်ဆောင်ရာတွင် စုပေါင်း ဆောင်ရွက်မှသာလျှင် သားရွှေအိုးထမ်းလာသလို ဖြစ်လာစေလိုပါသည်။ ဒေါ်စုကြည်ကြောင့် တိုင်းပြည်မှာ အခက်အခဲပေါင်းစုံ အကျပ်အတည်း ပေါင်းစုံနှင့် ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေတာ အားလုံးအသိပဲ ဖြစ်ပါသည်။ ယနေ့ တိုင်းပြည်မှာ အဓိကဟာ ဘာလဲ၊ ပြည်သူလား၊ NLD လား၊ ဒေါ်စုကြည်လား အနောက်နိုင်ငံတွေကတော့ သိတဲ့အတိုင်း ပြည်သူလည်းမဟုတ်၊ NLD လည်းမဟုတ်၊ လူပုဂ္ဂိုလ် ဒေါ်စုကြည်သာလျှင် ဖြစ်နေတာ အံ့သြစရာမဟုတ်ပါဘူး။ လူပုဂ္ဂိုလ်သာလျှင် ခိုင်းချင်သလိုခိုင်း၊ ပြောချင်သလို ပြောလို့ရမည့်သူ လိုချင်တာ အကုန်လုပ်ပေးမည့်လူကို မျက်စိစုံမှိတ်ပြီး ထောက်ခံနေတာ ကမ္ဘာ့မြင်ကွင်းကျယ်မှာ ရှက်စရာကောင်းလှပါတယ်။ ဂမ်ဘာရီနဲ့ မတွေ့ဆုံတာလည်း အနောက်နိုင်ငံ၏ သြဇာအာဏာတွေ လမ်းညွှန်မှု၊ ဖိအားပေးမှုတွေကြောင့် မတွေ့တာကို ၀ံသာနု NLD မှ မအံ့သြမိပါကြောင်း မြန်မာနိုင်ငံ နိုင်ငံရေးကို သူမပါမှ ဖြစ်မယ်ဆိုလျှင် ဘယ်လိုမှ ပြေလည်နိုင်စရာမရှိ၊ တစ်ဖက်မှ ပြေလည်စေချင်တယ်လို့ ပြောတာတွေဟာ လိမ်ညာနေတာ ဖြစ်ပါတယ်။ တွေ့ဆုံ ဆွေးနွေးရေးမှ ငါတကော ကောနေသည့် ဘယ်သောအခါမှ အောင်မြင်မှာ မဟုတ်ပါကြောင်း၊ တကယ်တမ်း UN ကိုယ်စားလှယ်ကို တွေ့ဆုံ ဆွေးနွေးသင့်ပါသည်။ နိုင်ငံတကာ၏ စံချိန်၊ စံနှုန်းတွေကို လေးစားသင့်ပါသည်။ ခေါင်းမာစွာဖြင့် တွေ့ဆုံဆွေးနွေးမှု မပြုခြင်းသည် ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြု ကျောခိုင်းသည့် လုပ်ရပ်ဖြစ်ကြောင်း ၀ံသာနု (NLD) မှ သုံးသပ်ရပါတယ်။


နောက်ဆုံးအနေနဲ့ သုံးသပ်လိုသည်မှာ ဒေါ်စုကြည်ဟာ မြန်မာပြည်ကိုလာပြီး သူများ ခိုင်းသည့်အတိုင်း အနှောက်အယှက်ပေးဖို့ လာနေတဲ့ သဘောဖြစ်နေပါတယ်။ တိုင်းပြည်ကို မငြိမ်မသက်ဖြစ်အောင်လုပ်ပြီး မြန်မာပြည် ပြည်သူလူထုကို ဒုက္ခလာပေးနေတဲ့ သူတစ်ယောက် ဖြစ်နေပြီလို့ ၀ံသာနု NLD အဖွဲ့မှ တင်ပြလိုပါသည်။


ဝံသာနု NLD

ဦးဆောင်ကော်မတီဝင်များ

Thursday, September 4, 2008

Post-primary school in Ywathagyi Village in Dagon Myothit (South) Township gets new building

YANGON, 3 Sept — A new building for postprimary school was opened in Ywathagyi Village
in Dagon Myothit (South) Township this morning, attended by Lt- Gen Myint Swe of the Ministry of Defence. The one-storey steel building, 120 feet long and 30 feet wide, was constructed under the supervision of Yangon Division Union Solidarity and Development
Association. The newly-opened school is the second one donated by Yangon Division USDA.
Chairman of Yangon Division Peace and Development Council Commander of Yangon Command Brig-Gen Win Myint, CEC member of the USDA (Yangon Division in-charge) U Aung Thein Lin and officials formally opened the building. Next, Lt-Gen Myint Swe inspected the new building.
Lt-Gen Myint Swe, the commander, the CEC member of the USDA (Yangon Division incharge) and party inspected construction of No. 4 Basic Education Middle School in Dagon Myothit (North) Township, No. 28 and No. 18 BEPSs in Dagon Myothit (South) Township and No. 7 BEPS in Thingangyun Township and viewed the participation of members
of the USDA and social organizations in the construction of the building.
During the cyclonic storm, 67 basic education schools in Yangon Division were destroyed. Yangon Division USDA is rebuilding the damaged schools and constructed new buildings for two schools and donating desks. The new buildings are of steel structure.

Management Committee for greening of 30-mile radius of Yangon City meets

YANGON, 3 Sept —The Management Committee for greening of 30-mile radius of Yangon City held its meeting at Yangon Command Headquarters this afternoon. Chairman of the Management Committee Chairman of Yangon Division Peace and Development Council Commander of Yangon Command Brig-Gen Win Myint delivered a speech.
He spoke at length on cultivation of monsoon and summer paddy, cold season crops, vegetables, oil crops, physic nut and maize in four regions for exceeding the targets with the assistance of departments and enterprises, use of modern farm equipment and extended cultivation of oil crops.
Secretary of the Management Committee Managing Director of Myanma Perennial Crops Enterprise U Kyi Win reported on region-wise cultivation of monsoon and summer paddy, cold season crops, vegetables, oil crops and physic nut and arrangements for availability of water.
Next, those in-charge of the zones reported on progress of work and Secretary of Yangon Division Peace and Development Council U Hla Soe on transformation of manual farming of mechanized one, use of quality strains, educating the farmers and extended cultivation of oil crops.
Chairmen of District Peace and Development Councils, departmental officials and chairmen of support committee reported on implementation of the tasks.
The meeting came to a close with the concluding remarks by the commander.

Industry Reporting System Software Application Course No. 1/2008, Financial Refresher Course No. 2/2008 open

NAY PYI TAW,3 Sept— Organized by Directorate of Industries, Industry Reporting System Software Application Course No. 1/2008 and Financial Refresher Course No. 2/2008 were opened at the ministry here yesterday, attended by Minister for Industry-1 U Aung Thaung.
The minister delivered an opening address.The four-week courses are being attended by 101 trainees from departments and enterprises under the ministry.

Industry-1 Minister meets Malaysian guests

NAY PYI TAW, 3 Sept—Minister for Industry-1 U Aung Thaung met Chairman Mr Tan Sri Fumihiko Konishi of Texchem Resources BHD and party of Malaysia at the ministry here at 1:30 pm yesterday.

TCG Chairman meets UNHCR Regional Coordinator

YANGON, 3 Sept— Chairman of the Tripartite Core Group (TCG) and Deputy Minister for Foreign Affairs U Kyaw Thu met with Mr Ramond Hall, Regional Coordinator for South-East
Asia of the United Nations High Commissioner for Refugees (UNHCR) at the Ministry of Foreign Affairs, here, at 3.30 am today.
Also present on the occasion was Bhairaja Panday, Representative of UNHCR in Myanmar.

Minister looks into production process of Natural Pozzolan Factory

NAY PYI TAW, 3 Sept—Minister for Electric Power No. 1 Col Zaw Min, accompanied by officials
concerned, arrived at Natural Pozzolan Factory near Ngayantgon Village, about two miles from Popa, Mandalay Division on 1 September.
At the briefing hall of the factory, factory manager U Kyi Tun reported on completion of new Natural Pozzolan Factory that can produce 500 tons per day, production by performance test, availability and storage of raw materials and production of finished goods.
After hearing the reports, the minister gave necessary instructions. After that, the minister looked into performance test by computer system, generating of ball mill and installation of machines in the factory and stressed the need for operating the machines systematically.
Afterwards, the minister observed storage and packing of finished goods. The minister gave instructions on running the factory at full capacity, supervising quality control, minimizing wastage sanitation of factory environs and safety, and fulfilled the needs.